ညောင်တုန်း အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေ စီအထွထွေရွေးကောက်ပွဲ၌ မဲရုံများတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်း သားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ (RDT)(Test Kit) စနစ်ဖြင့်စစ်ဆေးခြင်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ အမှတ် (၃) ရပ်ကွက်ရှိ မြို့တော်ခန်းမနှင့် မဲဇလီရဲစခန်းတို့တွင် စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုးလှိုင်ဦးနှင့် ဓါတ်ခွဲဝန်ထမ်းများက မြို့တော်ခန်းမ၊ ချောင်းကြီးကျေးရွာ၊ ရွှေကျင်ကျောင်းတိုက်နှင့် မဲဇလီကျေးရွာအုပ်စု၊ ရွာမဘုန်းတော်ကြီးကျောင်းတို့တွင် အထူးရဲသင်တန်းတက်ရောက်နေသောအထူးရဲသင်တန်းသား ၂၄၄ ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ (RDT)(Test Kit) စနစ်ဖြင့်စစ်ဆေးခဲ့ရာ သင်တန်းသား (၃) ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သော အထူးရဲသင်တန်းသား (၃) ဦးတို့အား ညောင်တုန်းမြို့ အ-ထ- က (၂) အရန်ဆေးရုံတွင် သီးသန့်ထားရှိပြီး လိုအပ်သောဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝဠာနိုင် (ညောင်တုန်း)