ဆီဆိုင် အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ စည်ပင်သာယာရေးဌာနအနေဖြင့် မြို့တွင်း အဓိက လမ်းမကြီးများ ကောင်းမွန်ရေး၊ မြို့သန့်ရှင်းသာယာလှပစေရေး၊ ရပ်ကွက်နေပြည်သူများ ဝင်ထွက်သွားလာမှု လွယ်ကူ စေရေးအတွက် ကျောက်ခင်းလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်မည့် မြို့ပတ်လမ်း (စိန်ပန်းလမ်း)အား ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ အဆင့်မြှင့်တင် ဆောင်ရွက်မည့် မြို့ပတ်လမ်း(စိန်ပန်းလမ်း)အား ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ထောက်ပံ့ငွေ ကျပ်(၄၁.၃၀)သန်းဖြင့် အရှည်ပေ ၁၅၀၀၊ အကျယ် ၁၂ ပေရှိပြီး တင်ဒါစနစ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ရာ လမ်းအင်္ဂါရပ်နှင့် ပြည့်စုံသော ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင် အရာရှိ ဦးထန်ဒေါင့်တွန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးခွန်ဗွာထိုသွေးတို့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)