မိုင်းရှူး အောက်တိုဘာ ၁၅
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူး မြို့နယ်ရှိ မဲဆန္ဒနယ်နှစ်ခုမှ မဲပေးပိုင်ခွင့်ဦးရေ (၅၂၀၇၁)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာသည့် မဲဆန္ဒရှင်စာရင်းများအရ သိရသည်။
မိုင်းရှူးမြို့နယ်အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် လွှတ်တော်(၃)ရပ်အပြင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ဗမာတိုင်းရင်းသား(၆၂၉၉)ဦး၊ အင်းသားတိုင်းရင်းသား(၇၄)ဦး၊ အာခါ တိုင်းရင်းသား (၉)ဦး၊ လားဟူတိုင်း ရင်းသား(၁၂၄၁) ဦး၊ ကချင် တိုင်းရင်းသား (၁၈၇)ဦး၊ ကယန်း(ခ) ပဒေါင်တိုင်း ရင်းသား(၁၁)ဦး၊ လီဆူးတိုင်းရင်းသား (၃၃၀)ဦး ရှိကြောင်းနှင့် မိုင်းရှူးမြို့နယ်တွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ (၅၂၀၇၁) ဦး ရှိပြီး မဲရုံ(၄၅)ရုံ လျာထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)