ရန်ကုန် အောက်တိုဘာ ၁၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလ အတွင်း ဝင်ငွေနည်းမိသားစုဝင်များ အဆင်ပြေမှုရရှိစေရန်ရည်ရွယ်၍ အခြေခံစား သောက်ကုန်များ လှူဒါန်းခြင်းကို We Love Yangon ( Mingalar Taung Nyunt) မှ စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကူးတို့ဆိပ်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၁၇၀) အတွက် အိမ်တိုင်ရာရောက် လှူဒါန်းခြင်းများကို ဆောင်ရွက်ပေး ခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် အမှန်တကယ် အခက်အခဲရှိသော အိမ်ထောင်စု (၁၇၀) ကို တစ်အိမ်ထောင် လျှင် ဆန် (၃) ပြည်၊ ဆီ တစ်လီတာ (၁) ဘူး၊ အာလူး (၁) ပိဿာ၊ ကြက်ဥ (၁၀) လုံး၊ ငါးသေတ္တာ (၅) ဘူး၊ ကော်ဖီ (၁၀) ထုပ်နှင့် ဆပ်ပြာမှုန့် (၁) ထုပ် စီတို့ကို အိမ်တိုင်ရာရောက်လှူဒါန်းပေးအပ်ခဲ့ကြသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန် ဖြစ်သည့် အတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် အဖွဲ့ဝင်များကိုယ်တိုင် အိမ်တိုင်ရာရောက် လှူဒါန်းပေး ခြင်းဖြစ်ပြီး ဆက်လက်၍လည်း ယခုကဲ့သို့ လှူဒါန်းမှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့၏တာဝန်ရှိသူ များထံမှ သိရသည်။
ချစ်စုဝေ (ပြန်/ ဆက်)