ဖျာပုံ အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါများဖြစ်ပွားနေ့သည့် ကာလတွင် အခြေခံလူတန်းစားများ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် သီးစုံပဲ ကုလားဟင်းထုပ်များ လှူဒါန်းမှုကို ယမန်နေ့ ညနေ(၄)နာရီအချိန်တွင် လိုက်လံဝေငှ လှူဒါန်းခဲ့ သည်၊၊
ဖျာပုံမြို့နယ် မင်းကျော်ဦး(ရေလုပ်ငန်း)မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် အခြေခံ လူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် သီစုံပဲကုလားဟင်းများချက်ပြုတ်၍ သုံးဘီး ဆိုင်ကယ်ဖြင့် သီစုံပဲကုလားဟင်းထုပ်(၂၀၀)ကို ပြည်သူများထံလက်ဝယ်အရောက်လိုက်လံ ဝေငှလှူ ဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းခြင်းကို ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီး မှစတင်၍ ချောင်းတွင်းလမ်းမကြီး တစ်လျောက် ဟင်းထုပ်လိုချင်သူများထံ လိုက်လံဝေငှ လှူဒါန်းပေးခြင်းဖြစ်ကြောင်း မင်းကျော်ဦး(ရေလုပ်ငန်း)မှ သိရသည်။
လှလှနွယ် (ပြန်/ဆက်)