ကျုံပျော်မြို့နယ် ပညာရေးမိသားစုက ကိုဗစ်-၁၉ ကာကွယ်ရေး အသုံးပြုရန် ဆေးရုံအသီးသီးသို့ အလှူငွေများ လှူဒါန်း

ကျုံပျော်  အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပညာရေးမိသားစုများစုက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသုံးပြုရန် မြို့နယ်အတွင်းရှိ ဆေးရုံအသီးသီးသို့ အလှူငွေများ သွားရောက်ထည့်ဝင် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
လှူဒါန်းသည့် ဆေးရုံများမှာ ကျုံပျော်မြို့ဆေးရုံ၊ အထောင်မြို့ဆေးရုံ၊ ဒိုက်ပျက်တိုက်နယ်ဆေးရုံ၊ ရေစခန်း  တိုက်နယ် ဆေးရုံနှင့် အင်းရဲတိုက်နယ် ဆေးရုံတို့ဖြစ်ပြီး ဆေးရုံတစ်ရုံချင်းစီအတွက် အလှူငွေကျပ် (၄) သိန်းကို တာဝန်ရှိသူများထံသို့ အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုကို မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းစိုး ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မြင့်စိန်နှင့် ဆရာ ဆရာမများက သက်ဆိုင်ရာဆေးရုံ တာဝန်ရှိသူများထံသို့ အသီးသီး သွားရောက်လှူ ဒါန်းခဲ့ကြပြီး၊ ထပ်မံ၍ မြို့နယ်ကိုဗစ-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီသို့ အလှူငွေကျပ် (၄) သိန်းနှင့် Quarantine Centreများ နှင့် မြို့အဝင်/အထွက်ဂိတ်များရှိ တာဝန်ကျ ပညာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၆)သိန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၃၀)ကို လှူဒါန်းပေး ခဲ့ကြကြောင်းသိရသည်။
နေဝင်းမြင့် (ကျုံပျော်)