မောက်မယ်မြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

မောက်မယ်        အောက်တိုဘာ        ၁၅

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း မသန်စွမ်းသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေများကို မောက်မယ်မြို့ပေါ် ၇ ရပ်ကွက်တွင် ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အိမ်တိုင်ယာရောက် လိုက်လံထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်တွင် မသန်စွမ်းသူများ (၁၂)ဦး ရှိရာ တစ်ဦးလျှင် ကျပ်သုံးသောင်းစီ ထောက်ပံ့ပေးပြီး ကျေးရွာအုပ်စု ၈ အုပ်စုရှိ ကျေးရွာများမှ မသန်စွမ်းသူ (၈၁ ) ဦးအား ဆက်လက်၍ လိုက်လံထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်( မောက်မယ်)