ကျိုင်းတောင်း အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေး ကာလအတွင်း ကျိုင်းတောင်းပြည်သူ့စာကြည့်တိုက်တွင် စာအုပ်/ စာစောင် ငှားရမ်းခြင်းကို ခေတ္တ ပိတ်ထားခြင်းကြောင့် စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် ကလေးများ အတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာ ရွတ်ဆိုခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ပြခြင်း စာပေချစ်မြတ်နိုးသော မိဘပြည်သူ များအတွက် စာအုပ်/စာစောင်များ မိတ်ဆက်ပေးခြင်း အထွေထွေဗဟုသုတရရှိစေမည့် အစီအစဉ်များကို ရိုက်ကူးကာ Online မှတစ်ဆင့် လွှင့်တင်ပေး လျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျိုင်းတောင်းနယ်မြေရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးရေးဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီခန့်က ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စန်းစန်းယဉ်မှ အစီအစဉ် များ မိတ်ဆက်၍ ကျိုင်းတောင်းနယ်မြေရဲစခန်း ရဲအုပ် ဦးမျိုးမြင့်အောင်မှ လူကုန်ကူးမှုဆိုင်ရာ အချက်အလက် များ ကို အများ ပြည်သူများ ဗဟုသုတ ရရှိစေရန် အတွက် ရှင်းလင်းဆွေးနွေး တင်ပြသည်။
အဆိုပါ လူကုန်ကူးမှုတားဆီးဆွေးနွေးမှု အစီအစဉ်ကို ကျန်းမာရေးနှင့်အားကစား ၀န်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ယင်း ရိုက်ကူးထားသည့် ဗွီဒီယိုကလစ် များ ကို ကျိုင်းတောင်း မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ လူမှုကွန်ယက် စာမျက်နှာဖြစ်သည့် "ကျိုင်းတောင်းပြည်သူ့ စာကြည့်တိုက်” Page တွင်လွှင့်တင်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)