စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် အသွားအလာစောင့်ကြည့်စင်တာများသို့ အလှူရှင်များမှ နေ့လယ်စာ အစားအ​သောက်များလှူဒါန်း

စမ်းချောင်း အောက်တိုဘာ ၁၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်မားနေသည့် ကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာ၏ လမ်းညွှန်ချက်များနှင့်အညီ အ.ထ.က(၁)စမ်းချောင်းနှင့် အ.ထ.က(၂)စမ်းချောင်းတို့တွင် ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်စင်တာမှ စောင့်ကြည့်လူနာများ၊ ကျန်းမာရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း​များ အတွက် စမ်းချောင်းမြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များမှ ယမန်နေ့ နံနက်ပိုင်းတွင် စားသောက် ဖွယ်ရာများ လှူဒါန်းခဲ့ကြ သည်။

ထိုသို့ လှူဒါန်းရာတွင် ဦးကျော်ခင်နှင့် သူငယ်ချင်းမိတ်ဆွေများမှ နေ့လယ်စာ ဒံပေါက်ပွဲ(၂၅၀)၊ ဦးတင်ထွဋ်+အန်တီနော် မိသားစု (ဇလွန်လမ်း)မှ နေ့လယ်အဆာပြေအတွက် ဝမ့်ဝမ့်ပေါင်မုန့်(၆)ဖာ၊ မြေနီကုန်းရပ်ကွက်သူ/သားများမှ အဆာပြေ ကြက်ဥပြုတ်နှင့် စားသောက်ဖွယ်ရာများကို လှူဒါန်းခဲ့ကြ ကြောင်း သိရှိရသည်။

ခင်ချောစုဝင်း(ပြန်/ဆက်)