မြို့သစ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်

မြို့သစ် အောက်တိုဘာ ၁၅

မကွေးခရိုင်၊  မြို့သစ်မြို့နယ်၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊  အောက်တိုဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ  ဒေသဖွံ့ဖြိုးရေးစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယနေ့နံနက်က ကျင်းပသည်။

ရှေးဦးစွာ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊  အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းဆွေ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးတို့မှ  အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍   မြို့သစ်မြို့နယ်  စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအတွင်း ရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်သော်သော်လှိုင်မှ မြို့သစ်မြို့နယ်၏  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဒေ သန္တရစီမံကိန်းရည်မှန်းချက်များ ကဏ္ဍအလိုက် အကောင် အထည်ဖော် ဆောင်ရွက် သွားရမည့်  အခြေ အနေများနှင့် နိုင်ငံပိုင်အခန်းမှ ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများ၏ ရင်းနှီး မြုပ်နှံမှုလျာထားချက် များအားရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ   မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်ဦးမှ     ဌာနဆိုင်ရာများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်း ချက်တာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)