ပင်လောင်း အောက်တိုဘာ ၁၅
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ပင်လောင်းမြို့နယ် မြို့မရဲစခန်းရှေ့၌ ယနေ့နံနက်ပိုင်း က ဆောင်ရွက်သည်။
နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပြီး၊ အဆိုပါလှုပ်ရှားမှုနှင့် အသိပညာပေး လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက် များ နှင့်အညီ ဌာနဆိုင်ရာတာဝန်ရှိသူများက လမ်းသွားလမ်းလာများ၊ မြို့နယ်ရှိ ပြည်သူများကို နေအိမ်ပြင်ပသို့ သွားရောက်သည့်အခါ နှာခေါင်းစည်းတပ်ဆင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် သတ်မှတ်ထားသည့် လူမှုအကွာအဝေးအတိုင်း နေထိုင်ကြရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်အာကာစိုး(ပင်လောင်း)