မိုးညို အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို မိုးညို မြို့နယ်ပြည်သူ့ဆေးရုံတွင် ထားရှိကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပိုးတွေ့လူနာ(၆)ဦး ဆေးရုံ မှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် ယနေ့ထိ ကိုဗစ်-၁၉ပိုးတွေ့လူနာပေါင်း ၂၉ ဦးရှိပြီးဖြစ်ရာ ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၁၅ ဦးရှိပြီဖြစ်သည်။ ပိုးတွေ့လူနာများအနက် အသက် (၂၀)ရက်သားကလေးနှင့် မိခင်၊ဖခင် (၃)ဦးတို့အား ကလေးအထူးကု၏ အထူးဂရုစိုက် ကုသမှုရရှိစေရန် သာယာ၀တီခရိုင် ပြည်သူ့ ဆေးရုံသို့ လွှဲပြောင်းပို့ဆောင် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံတွင် လက်ကျန်ပိုးတွေ့လူနာ ၄ ဦး၊ ပိုးတွေ့လူနာသစ် ၇ ဦး၊ စုစုပေါင်း ၁၁ ဦးအား သီးခြားထားရှိ ကုသပေးလျက်ရှိကြောင်း၊ ဆေးရုံဆင်းခွင့်ရရှိသူများအား နေအိမ်တွင် အသွား အလာ ကန့်သတ်မှု (၇)ရက် ဆက်လက်နေထိုင်သွားကြရန်နှင့် ဆေးရုံတက်ရောက် ကုသနေသည့် လူနာများ၏ ကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ကိုမင်း(မိုးညို)