ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားသောက်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချနေမှု ရှိမရှိကွင်းဆင်း စစ်ဆေး

ဇေယျာသီရိ အောက်တိုဘာ ၁၅

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ဗလဟိန်း၊ မြို့နယ်ကျန်းမာရေးဌာနမှ ဒေါက်တာလွင်ထက် (ဦးစီးအရာရှိ/သွားကျန်းမာ) တို့က ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဘေး ဈေးဆိုင်များတွင် ဆိုင်ထိုင်စားသောက်မှု မရှိစေရေး၊  ပါဆယ်  (Take away) စနစ်ဖြင့်သာ ရောင်းချကြရန်နှင့် လူစုလူဝေးမဖြစ်ပေါ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးလင်းထွန်း(ပြန်/ဆက်)