ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ အသက်(၆၀)နှစ်နှင့် အထက်ကြိုတင်ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်(၁၂၀၀၀)ကျော်ရှိ

ကွမ်းခြံကုန်း အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် နိုဝင်ဘာ()ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၌ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးမည့်သူ(၁၂၀၀၀)ကျော်ရှိကြောင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် အသက်(၆၀)နှစ်နှင့်အထက် အသက်ကြီးပိုင်းများ အား ကူးစက်နိုင်မှုပိုမို လွယ်ကူနိုင်သောကြောင့် မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ သို့ သွားရောက်ပြီး ကြိုတင်ဆန္ဒမဲပေးနိုင်မည် ဖြစ်သည်။ ဆန္ဒမဲပေးမည့် အသက်ကြီးပိုင်းများအနေဖြင့် ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိပါက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများက နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။ (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များအနေဖြင့် အောက်တိုဘာ(၂၉)ရက်နေ့မှ နိုဝင်ဘာ()ရက်နေ့ အထိ သက်ဆိုင်ရာရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ရပ်ကွက်()ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၃)အုပ်စု၊ ကျေးရွာခွဲပေါင်း (၁၃၅)ရွာ တွင် မဲရုံပေါင်း(၁၈၀)ရှိပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၈၈၄၂၀)ခန့်ရှိပြီး အသက်(၆၀)နှစ်နှင့် အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူ(၁၂၀၀၀)ကျော်ရှိကြောင်း မြို့နယ်‌ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)