မယ်စဲ့မြို့နယ်တွင် လမ်းသွားလမ်းလာပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိစစ်ဆေး

မယ်စဲ့ အောက်တိုဘာ ၁၆                                          

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် လမ်းသွား လမ်းလာပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်မှုကို ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဝင်း ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ လမ်းသွာလမ်းလာပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး Mask တပ်ဆင်ခြင်း မရှိသူများကိုMask တစ်ခုလျှင် ငွေကျပ် ၂၀၀ ဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် စည်းကမ်းချက် များကို လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလမ်းကမ်းစာစောင်များကိုပါ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)