ငပုတော အောက်တိုဘာ ၁၆
၂၀၂၀ပြည့်နှစ်၊ မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအား ထူးချွန်စွာအောင်မြင်ခဲ့သည့် ငပုတောမြို့နယ်အတွင်းမှ ကျောင်းသား/ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံးကျောင်း၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ ၌ ပြုလုပ်ခဲ့သည်။
ဂုဏ်ပြုချီးမြှင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက အမှာစကားပြောကြားပြီး ထူးချွန်ကျောင်းသား /ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံးကျောင်း၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမ များအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။
အဆိုပါဆုချီးပွဲမြှင့်ပွဲမှ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူ ၁၈ ဦးနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမ ၆ ဦး၊ အောင်ချက်အကောင်းဆုံး ကျောင်းတစ်ကျောင်းတို့အား ထူးချွန်ဆုများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)