မိုင်းပန် အောက်တိုဘာလ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ ရပ်ကွက်(၄)ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာ လွှတ်တော်များနှင့် တိုင်းရင်းသားလူမျိုး ဆန္ဒမဲပေးမည့် မဲရုံ(၉)ရုံနေရာများသို့ ယနေ့ နံနက်(၈)အချိန်ခန့် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မိုင်းပန်မြို့နယ်သည် မဲရုံ(၂၉)ရုံ ပြင်ဆင်ထားရှိပြီး အဆိုပါ မဲရုံများသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိ နိုင်ရေး၊ မဲရုံအဝင်/အထွက်၊ မဲရုံပရဝဏ်သန့်ရှင်းရေး၊ လေဝင်/လေထွက်ကောင်းမွန်စေရေး၊ မဲဆန္ဒရှင်များ လာရောက်ဆန္ဒမဲပေးရာတွင် နှာခေါင်းစည်းများ တပ်ဆင်ပေးခြင်း၊ ကိုယ်ပူချိန် တိုင်းတာပေးခြင်း၊ သတ်မှတ်ထားသည့် (၆)ပေအကွာတွင်း စနစ်တကျ စီတန်းစေခြင်းတို့ကို ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်ခိုင်၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာမှ တာဝန်ရှိသူတို့မှ မြို့ပေါ်(၄)ရပ်ကွက်ရှိ မဲရုံ(၉)ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းကပ်ထား ကြေညာမှုစာရင်းအရ မိုင်းပန်မြို့နယ်သည် မဲဆန္ဒရှင်စုစုပေါင်း (၁၃၂၇၄)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
မိုင်းပန်(ပြန်/ဆက်)