ကွမ်းလုံ အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပက်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်နှင့် မြို့မစုဝေးကွင်းအနီးရှိ အလူမီနီယံမြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ သိကောင်းစရာများနှင့် ရွေးကောက်ပွဲ ဆိုင်ရာ သိကောင်းစရာများကို ဆောင်ရွက်ပြသထားကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံပြဘုတ်များတွင် မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆ ချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်/ရှောင်ရန်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ကျန်းမာရေးအသိပညာပေး ပိုစတာများနှင့် ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များကို ပြသထားရှိသည်။
ထို့အပြင် နိုင်ငံတော်အစိုးရအဖွဲ့၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ဒေသအတွင်း ဖြစ်ပေါ် နေသော သတင်းအချက်အလက်များနှင့် အခြားသောအသိပညာပေး အကြောင်းအရာများကို လည်းပြ သဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)