မိုးမိတ် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ ကိုဗစ် -၁၉ ကူးစက်ပြန်ပွားမှု ကာလအတွင်း အခြေခံစားကုန်များ ပြတ်တောက်မှုမရှိစေရေးအတွက် ကုန်တင်မော်တော်ယာဉ်များအား ဝင်ထွက်သွားလာခွင့် ပြုရာတွင် သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ မောင်းနှင်သွားလာရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုး က ကုန်တင်မော်တော် ယာဉ်များတွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် နှစ်ဦးကိုသာ လိုက်ပါခွင့်ပြုမည်ဖြစ်ပြီး မြို့တွင်းသို့ ဝင်ရောက်လာချိန်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ သတ်မှတ် ထားသောနေရာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား နေထိုင်စေပြီး ယာဉ်အား ပိုးသတ် ဆေးဖြန်းခြင်း၊ မြို့တွင်းသို့ယာဉ်မောင်းအား လဲလှယ်၍ မောင်းနှင်ကုန်ချစေခြင်း၊ သတ်မှတ်ထားသော နေရာတွင်ယာဉ်များအား ထားရှိစေခြင်းနှင့် မော်တော်ယာဉ်ဂိတ်များမှလည်း ချမှတ်ထားသော စည်းကမ်းချက်များအား လိုက်နာခြင်းဖြင့် ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်သွား ကြစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မော်တော်ယာဉ်ဂိတ်များမှ တာဝန်ရှိသူများ၊ ကုန်တင်မော်တော်ယာဉ်ပိုင်ရှင်များ တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကာလအတွင်း ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)