ကျိုင်းတောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်

ကျိုင်းတောင်း အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊  ကျိုင်းတောင်းမြို့၌  နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့နံနက် က  ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ က သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ ထောက်ပံ့ငွေပေးအပ်ရာတွင် ၂၀၂၀ ပြည့်နှစ် ဧပြီလ (၁)ရက်နေ့မှ စတင်မွေးဖွားသည့် ကလေးသူငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင် တစ်ဦးကို တစ်လလျှင် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ (၆)လအတွက် (၉၀၀၀၀)နှုန်းဖြင့် (KBZ Pay) ဖြင့် ထောက်ပံ့ငွေထုတ်ယူသူ (၆၁)ဦးရှိပြီး လက်ဝယ်အရောက် ထောက်ပံ့ပေးသူ (၂၂)ဦး စုစုပေါင်း(၈၃)ဦးအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်း (ပြန်/ဆက်)