ငပုတောမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်းပါးသည့် အိမ်ထောင်စု ၅၀ အား အခြေခံစားသောက်ကုန် များပေးအပ်

ငပုတော   အောက်တိုဘာ   ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟို ပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)မှ ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်းပါး သည့် အိမ်ထောင်စု ၅၀ စုထံသို့ အခြေခံစားသောက်ကုန်များအား မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်းနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

အခြေခံစားသောက်ကုန်များအား မြို့ပေါ်ရပ်ကွက်လေးခု၊ ပမ္မဝတီကျေးရွာ၊ ကံကွင်းကျေးရွာနှင့် လိပ်ချောင်း ကျေးရွာတို့မှ အိမ်ထောင် စု ၅၀ တို့အား တစ်အိမ်လျှင် ဆန် ၅ ပြည်၊ ဆီ ၅၅ ကျပ်သားတစ်ဘူး၊ ဆားတစ်ထုပ်၊ ဟင်းခတ်မှုန့်တစ်ထုတ်တို့အား ပေးအပ်ခဲ့ပြီး အိမ်ထောင်စု ၅၀ အတွက် ပေးအပ်သော အခြခံစားသောက် ကုန်များ၏ စုစုပေါင်း တန်ဖိုးငွေမှာ ၄ သိန်း ၅ သောင်း ဖြစ်ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)