ပေါက်ခေါင်းမြို့နယ်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ်ရှိ အမျိုးသမီးငယ်များကို သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးထိုးနှံ ပေးမည်

ပေါက်ခေါင်း အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အသက် ၉ နှစ်မှ ၁၀ နှစ် အရွယ်ရှိ အမျိုးသမီးငယ်များ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့ ထက်မစော ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၃၁ ရက်နေ့ထက် နောက်မကျဘဲ မွေးဖွားသူများ) ကို သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေး HPV vaccine ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အောက်တိုဘာ ၂၀ ရက်နေ့မှစ၍ ပေါက်ခေါင်း မြို့နယ်ရှိ သက်ဆိုင်ရာ ကျန်းမာရေးဌာန ဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးမည်ဖြစ်ပြီး ပေါက်ခေါင်း မြို့နယ်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် အမျိုးသမီးငယ် စုစုပေါင်း ၁၀၃၉ ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)