ကျုံပျော် မြို့မဈေးအတွင်းရှိ စျေးရောင်း ဈေးဝယ်သူများတွင် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ကျုံပျော်   အောက်တိုဘာ   ၁၆

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို  ယနေ့နံနက်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့ တာဝန်ရှိသူများ ဦးဆောင်၍ ဈေးရောင်း ဈေးဝယ်သူများတွင် Mask များ တပ်ဆင်ခြင်း ရှိ/မရှိကို လိုက်လံစစ်ဆေးကြပြီး၊ Mask မတပ်ဆင်ပါဒဏ်ကြေးသတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဈေးအတွင်း အဆိုပါ စစ်ဆေးခြင်းကိုနေ့စဉ် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ‌ ဈေးများအားလုံးတွင် အခြေခံစားသောက်ကုန်များကိုသာ နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိ ရောင်းချခွင့်ပြုထားကာ အခြားဈေးဆိုင်များကို ရက်ကန့်သတ် ၍ ပိတ်သိမ်းထားသည်ကို သိရသည်။

နေဝင်းမြင့်(ကျုံပျော်)