ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်ရှိ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် Lock down ချထားသော အိမ်ထောင်စုများအား စားသောက်ကုန်များလှူဒါန်း

​ဒေါပုံ​ အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်ရှိ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ရေးအတွက် Lock down ချထားသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဆေးစက်ပရဟိတလူငယ်များအသင်းက ယမန်နေ့ နေလယ်အချိန်က သွားရောက်လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

ထို့သို လှူဒါန်းရာတွင် Quarantine  Center မှ (၁၄)ရက်ပြန်ပြီး Home Quarantine နေရသူများ၊ positive အဖြေထွက်ရှိသည့် မိသားစုဝင် အိမ်ထောင်စုများအတွက် စားဝတ်နေရေး အဆင်ပြေစေရန် အတွက် အိမ်ထောင်စု(၁)စုလျှင် ကြက်ဥ(၃) ကတ်၊ မားမား(၁)ဖာ၊ ဆီ (၁) ပိဿာ၊ ကြက်ဥမရွေး (၁) ထုပ်၊ ရွှေကျီးကိတ်ခြောက် (၁)ထုပ်၊ ကော်ဖီ(၁)ထုပ်တို့ကို အိမ်ထောင်စု(၁၈) စုအတွက် ထောက်ပံ့ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)