ဘားအံ အောက်တိုဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကြည့်ရှုလေ့လာ သိရှိနိုင်စေရန်အတွက်ရည်ရွယ်ပြီး ဦးစီးဌာနရုံးရှေ့တွင် နိုင်ငံတော် အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းများ၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးခြင်း များကို နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်း ဓါတ်ပုံများ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး သတင်းအမှားအမှန်ခွဲခြားပြီး ကျန်းမာရေး စည်းကမ်းတွေ လိုက်နာ နိုင်ရေး၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက် နိုင်စေရေး၊ လူစုလူဝေးရှောင်ကြဉ်ရေး၊ အတတ်နိုင်ဆုံးအိမ်မှာနေပါ၊ မဖြစ်မနေ အပြင်ထွက်လျှင် Mask တပ်ဆင်ရေး၊ လက်ဆေးရေးနှင့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ သိရှိနိုင်ရေး စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)