ကျောက်မဲမြို့၌ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအား မဲရုံသုံးပစ္စည်းများ ထုတ်ပေး

ကျောက်မဲ အောက်တိုဘာ ၂၂

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကျောက်မဲမြို့နယ်အတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ကျောက်မဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများအား မဲရုံသုံးပစ္စည်းအချို့ကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန် က ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ထုတ်ပေးရာတွင် ရွေးကောက်ပွဲအတွက် မဲရုံများတည်ဆောက်ရာ၌ သိရှိရမည့် မဲရုံအခင်းအကျင်း ပုံစံများ  (ပုံစံ-၁၊ ပုံစံ-၂)၊ မဲရေတွက်ခြင်း အခင်းအကျင်းနမူနာပုံစံ အစရှိသည့် အသိပညာပေး ဗီနိုင်းများနှင့် မဲရုံ/ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လက်စွဲစာအုပ်၊ ရွေးကောက်ပွဲ တာဝန်ရှိသူများ စစ်ဆေးရန်အချက်အလက်များ ဖြစ်သည့် စာအုပ်များကို ထုတ်ပေးခဲ့ကြောင်း သိရပြီး ကျန်မဲရုံသုံးပစ္စည်းများကို အောက်တိုဘာ ၂၉ ရက်နေ့တွင် ထပ်မံထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်းတွင် လျာထားမဲရုံ ၁၀၀ ကျော်ရှိပြီး မဲဆန္ဒပေးပိုင်ခွင့် တစ်သိန်း သုံးသောင်းခန့် ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)