အရာ​တော်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ လူနာ( ၅ )ဦး ကျန်းမာ​ရေး​ကောင်းမွန်ပြီး ဆေးရုံမှ ဆင်းခွင့်ရရှိ

အရာ​တော် ​အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်း​ဒေသကြီး၊ အရာ​တော်မြို့တွင်  အောက်တိုဘာလ ၁၁ ရက်​နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး အရာတော်မြို့ ပြည်သူ့ဆေးရုံကြီးရှိ သီးသန့်ခန်းတွင် ထားရှိကြပ်မတ် ကုသပေး လျက်ရှိသော ရန်ကုန် တိုင်း​ဒေသကြီး မင်္ဂလာဒုံမြို့နယ်မှ​ နေရပ်ပြန် ပိုးတွေ့လူနာ (၅) ဦး မှာကျန်းမာ​ရေး ​ပြန်လည်ကောင်းမွန်လာသည့် အတွက် ယမန်နေ့က ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့​ကြောင်း သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် နေရပ်ပြန်များအား  အရာတော်မြို့နယ် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးသိုက်ထွန်း၏ ဦးဆောင် ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ မြတ်ပညာ ပညာ​ရေးကူညီမှု ပရဟိတအဖွဲ့သားများက သက်ဆိုင်ရာ​ကျေးရွာ နေအိမ်များ အ​ရောက် လိုက်လံပို့ ဆောင် ပေးခဲ့ပြီး ဆေးရုံဆင်းခွင့်ရသူများအနေဖြင့် Home Quarantine (၇) ရက်ကို သတ်မှတ် စည်းကမ်းများ အတိုင်း ဆက်လက်နေထိုင်သွားရန် တာဝန်ရှိသူများက ​ကြပ်မတ်​ ဆောင်ရွက်ပေးသွားမည်ဖြစ်​ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှူးဒေါက်တာတင်မိုး​ဝေ၏ပြောကြားချက်အရ သိရသည်။

နွယ်နီမြင့်