ဝေါမြို့နယ်၊ မြို့ပေါ်(၆)ရပ်ကွက်၌ ပြည်သူမှပြည်သူသို့ လှူဒါန်းသော အခြေခံစားသောက်ကုန်များကို Together Waw ပရဟိတအဖွဲ့၏ လုပ်အားဒါနဖြင့် လှူဒါန်း

ဝေါ အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း ပြည်သူမှပြည်သူသို့ လှူဒါန်းသော အခြေခံစားသောက်ကုန်များကို စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများသို့ ဝေါမြို့ Together Waw ပရဟိတအဖွဲ့၏ လုပ်အားဒါနဖြင့် မြို့ပေါ်(၆)ရပ်ကွက်ရှိ အခြေခံမိသားစု အိမ်ထောင်စု (၁၅၀၀)စု အတွက်  လိုက်လံထောက်ပံ့ လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင်  ဝေါမြို့Together Waw ပရဟိတအဖွဲ့လူငယ်များမှ ပရဟိတအဖွဲ့သို့ အလှူရှင် အသီးသီးမှ လှူဒါန်းသော အလှူငွေဖြင့် အစားအစာများအား အိမ်တိုင်ရာရောက် သွားရောက် ကူညီလှူဒါန်းရာတွင် မြို့ပေါ်ရှိစားသောက်ရေး အခက်အခဲရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၁၅၀၀) စု အတွက် တစ်အိမ်ထောင်လျှင် ဆန်(၂) ပြည်၊ ဆီ (၄၀)ကျပ်သား၊ ဆား(၁)ထုပ်၊ အာလူး(၅၀) ကျပ်သား၊ ကြက်သွန်နီ(၅၀) ကျပ်သား ၊ ခေါက်ဆွဲခြောက်(၃)ထုပ်စီအား ထောက်ပံ့လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)