ကော့ကရိတ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာလအတွင်း ရောဂါလက္ခဏာ သံသယရှိသူများ လာရောက်ပြသ စစ်ဆေးနိုင်

ကော့ကရိတ်                 အောက်တိုဘာ              ၂၆

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကာလအတွင်း ရောဂါလက္ခဏာ သံသယရှိသူများ Fever Clinic ကို ၂၀၂၀-ပြည့်နှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့မှစ၍ ဝင်းကြီးရပ်၊ အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနီး ယခင် တီဘီရောဂါစမ်းသပ်ကုသရေး ဌာနဟောင်း အောက်ဆေးပေးခန်းတွင် အစိုးရရုံးဖွင့်ရက်များ၌ စမ်းသပ်စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း ရောဂါလက္ခဏာ သံသယရှိသူများ၊ ဖျားနာသူများ၊ နှာစေး ချောင်းဆိုး၊ လည်ချောင်းနာ၊ အသက်ရှုမဝခြင်း၊ အနံ့မရခြင်း၊ ကိုယ်အလွန်ပူခြင်း စသော ရောဂါများကို ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ဖြစ်ပွားခြင်း ဟုတ်/မဟုတ် လာရောက်စမ်းသပ်နိုင်ပြီး အစိုးရ ရုံးဖွင့်ရက်များ တွင် နံနက် ၉ နာရီမှ ၁၂ နာရီ အတွင်းနှင့် ညနေ ၂ နာရီမှ ၄ နာရီအတွင်း တာဝန်ကျ ဆရာဝန်များနှင့် သူနာပြုဆရာမများမှ ကုသစမ်းသပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ဆေးရုံကြီး၊ လက်ထောက် ဆရာဝန် ဒေါက်တာ ဦးကိုကိုဦးထံမှ သိရှိရပါသည်။

ကျော်စိုးလွင် (ခရိုင်-ပြန်/ဆက်)