လပွတ္တာမြို့နယ်တွင် မဲရုံမှူး ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်မှုအား တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ဝင်တို့က ကြည့်ရှုစစ်ဆေး

လပွတ္တာ  အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင်  မဲရုံမှူး ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်မှုအား ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ၊ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ဝင် လပွတ္တာခရိုင် တာဝန်ခံ ဦးခင်မြင့်ဦးနှင့် အဖွဲ့ဝင်များက သင်တနိးပို့ချနေမှုကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကြည့်ရှုခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တိုင်းဒေသကြီးကော်မရှင် အဖွဲ့ဝင် လပွတ္တာခရိုင် တာဝန်ခံက လပွတ္တာ မြို့နယ်အတွင်း ရွေးနဒီ ခန်းမနှင့် အ•ထ•က - ၁ ကျောင်းတို့တွင် သင်တန်းတက်ရောက်နေကြသည့် ဆရာ/ဆရာမတို့ကို နိင်ငံတော်မှ တာဝန်ပေးအပ်ထားသည့် အတွက် အလေးထားဆောင်ရွက်စေလိုကြောင်း ၊ သင်တန်းပို့ချနေမှုကို အထူးဂရုစိုက်စေလိုကြောင်း ၊ စိတ်ပါဝင်စား စွာဖြင့် အာရုံစူးစိုက် မှတ်သားနာယူရေး ၊ COVID - 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်မျာနှင့်အညီ ဆောင်ရွက်ရေး ၊ ပုံစံ ၁၆ အဓိကပြီး အလေးထားဆောင်ရွက်ရေး ၊ မဲရုံအတွင်း ဝန်ထမ်းများ မဲစာရင်းများအတွက် လုံခြုံရေး ၊ လျှပ်စစ်မီး မပြတ်တောက်ရေး ၊ မီးရရှိရေးတို့ကို ဆောင်ရွက်ထားရှိရန်နှင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန် တို့ကိုပြောကြားခဲ့ကြောင်းသိရသည်။

ဝင်းကျော်မြင့် (လပွတ္တာ)