နန်းယွန်း အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မျိုးစေ့ထုတ် စိုက်ခင်း များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က တောင်သူ ဦးခွမ်းအောင်၏သုည ဒသမ ၆၀ ဧက စိုက်ခင်းတွင်ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးထွန်းကျော်နိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမြင့်၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် အတူ တောင်သူများ ပူးပေါင်း၍ မျိုးစေ့ထုတ်စိုက်ခင်းကို မျိုးကွဲပယ်ခြင်း၊ ပင်ပွားစစ်ဆေး ခြင်း၊ မိုးစပါးကြံ့ခိုင်မှုနှင့်အထွက်နှုန်းစစ်ဆေးခြင်း၊ ပိုးမွှားအန္တရာယ်ကာကွယ်နိုင်ရေးနှင့် ပိုးသတ် ဆေးများ စနစ်တကျသုံးစွဲခြင်း စသည့်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး တောင်သူများအား ပညာပေးလုပ်ငန်းများနှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
ဟန်ကမ်း(ပြန်/ဆက်)