ကျောက်ပန်းတောင်း၊အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့အဝင်လေးဘက်လေးတန်၌ စစ်ဆေးရေးဂိတ်များထား ရှိကာ၊ ယာဉ်အဝင်အထွက်နှင့် ဝင်ရောက်လာသူတိုင်း ကျန်းမာရေးဆိုင်ရာထောက်ခံစာနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စု ထောက်ခံစာ ပါ/မပါ စစ်ဆေးဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်သည် မြတ်နိုးသူစစ်ဆေးရေးဂိတ်တွင် လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများကို သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မကွေးတိုင်းဘက်မှ အဝင်ဖြစ်သည့် ကောင်းမွန်စစ်ဆေးရေးဂိတ်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်းဖြတ်သန်းဝင်ရောက်မည့် ယာဉ်မောင်းနှင့်ယာဉ်လိုက်များကို Test Kits ဖြင့် နှာခေါင်းတို့ဖတ်ယူစစ်ဆေး လျှက်ရှိပြီး၊ ညောင်ဦးမြို့နယ်ဘက်မှ အဝင်ဖြစ်သည့် စစ်ဆေးရေးဂိတ်၊ တောင်သာမြို့နယ်ဘက်မှ အဝင်စစ်ဆေးရေးဂိတ်နှင့် မိတ္ထီလာမြို့နယ်ဘက်မှအဝင် မြတ်နိုးသူစစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာတာဝန်ရှိသူများအား အလှည့်ကျတာဝန်ချ ထားဆောင်ရွက်နေခြင်းဖြစ်သည်။အဆိုပါ စစ်ဆေးရေးဂိတ်များ၏လုပ်ငန်းဆောင်ရွက်နေမှုများကို မြို့နယ်ကိုဗစ်-၁၉ ထိန်း ချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များက အခါအားလျော်စွာ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး၊ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)