ချင်းပြည်နယ်၊ တွန်းဇံမြို့၌ မံရုံမှူးနှင့်ဒုတိယမဲရုံမှူးများအား ဆင်ပွားသင်တန်းပို့ချ

တွန်းဇံ အောက်တိုဘာ ၂၉

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မံရုံမှူးနှင့် ဒုတိယ မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်မည့် ကျောင်းဆရာ/ ဆရာများအား ဆင့်ပွားသင်တန်း ပို့ချခြင်းကို ယနေ့နံနက်(၉)နာရီအချိန် အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် တွန်းဇံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတွာလ်လျန်းထန်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ တွန်းဇံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထန်ဟောက်လန်က သင်ခန်းစာများနှင့် သင်တန်းနည်းပြများကို မိတ်ဆက်ပေးခဲ့သည်။

ထို့နောက် တွန်းဇံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက သင်ခန်းစာများကို ပို့ချပေးခဲ့ကြ သည်။ သင်ခန်းစာများအဖြစ်  မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲဝင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ မဲရုံခင်းကျင်းခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ၊ မဲပေးခြင်းလုပ်ငန်းစဉ်အတွက် စစ်ဆေးရမည့်အချက်များ၊ မဲရုံဖွင့်/ ပိတ်ခြင်းနှင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်၊ မသန်စွမ်းသူများနှင့် အကူအညီ လိုအပ်သူမဲဆန္ဒရှင်များ မဲပေးခြင်းဆိုင်ရာ နှင့်အပူချိန်မြင့်မားသည့် မဲဆန္ဒရှင်များအတွက် ဆန္ဒမဲပေးခြင်းဆိုင်ရာ လုပ်ငန်းများ၊ ခိုင်လုံမဲ/ ပယ်မဲဆိုင်ရာသိကောင်းစရာများ၊ မဲရုံအတွင်းဝင်ရောက် ခွင့်ရှိသူများနှင့် စောင်ကြည့် လေ့လာသူများ၊ လွှတ်တေ်ကိုယ်စားလှယ်လောင်းများ၏အခန်းကဏ္ဍ၊ ဆန္ဒမဲရေတွက်ခြင်းနှင့် ပုံစံများ ဖြည့်သွင်းခြင်း၊ မဲရေတွက်ပြီးနောက်လုပ်ငန်းစဉ်များ(ထုတ်/ပိုး)၊ စိုးရိမ်ရသောအခြေအနေနှင့် ထူးခြား ဖြစ်စဉ်အား စီမံခန့်ခွဲမှုနှင့်မဲရုံသရုပ်ပြခြင်းလုပ်ငန်းများကို ထပ်ဆင့်ရှင်းလင်းပို့ချပေးသွားမည်ဖြစ်သည်။

တွန်းဇံမြို့နယ်တွင် မဲရုံပေါင်း(၈၃)ရုံရှိပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူးတာဝန်ထမ်းဆောင်မည့် ဆရာ/ဆရာမ များ (၁၆၆)ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၂၉)ရက်နေ့မှ (၃၀) ရက်နေ့ အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေဖြိုးဇလပ်မြေ)