ကျောက်ထု နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသရှိ ဥယျာဉ်ခြံမြေများတွင် အိမ်အလှ စိုက်ပန်း ပျိုးပင်များကိုစိုက်ပျိုးထားရှိရာ ဖြစ်ထွန်းအောင်မြင်လျှက်ရှိကြောင်း သိရသည်။
ကျောက်ထုမြို့ဒေသတွင် ယခင်ကာလများက အိမ်အလှစိုက်ပျိုးပန်းပင်များ စိုက်ပျိုးမှုနည်းပါးပြီး ပန်း အလှပင်များကို ကိုယ်ပိုင်ခြံဝန်းများတွင် လွယ်လင့်တကူဝယ်ယူစိုက်ပျိုးနိုင်ရန် ခက်ခဲခဲ့သည်။ ထိုသို့အိမ်အလှစိုက်ပန်းပင်များကို မန္တလေးမြို့နှင့်မေမြို့များမှ အဓိကတင်ပို့ရောင်းချခဲ့ရာမှ အိမ်အလှ စိုက်ပျိုးပန်းပင်များမလုံလောက်သဖြင့် ယခုအခါပန်ပျိုးအိုးဖြင့် တစ်ထုပ်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးပြီး ပန်းပျိုးပင်များကို အပင်ကူးမျိုးပွားစနစ်ဖြင့် တိုးချဲ့စိုက်ပျိုး၍ ရောင်းချလာခဲ့ရာ ပိုမိုဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်အတွင်း ပိုမိုရောင်းအားကောင်းလာကြောင်း အိမ်အလှပန်းပင် စိုက်ပျိုးသူ ဒေါ်နွယ်ဌေး၏ပြောကြားချက်အရ သိရသည်။
ယခုအခါကျောက်ထုမြို့ဒေသတွင် အိမ်အလှစိုက်ပျိုးပန်းပင်များ စိုက်ပျိုးဖြန့်ဖြူး ရောင်းချ လျက်ရှိရာ ကျောက်ထုမြို့ဒေသဈေးကွက်သာမက မင်းတပ်မြို့၊မတူပီမြို့ များသို့ပါ တင်ပို့ရောင်းချ ကြရပြီး မိသားစုဝင်ငွေတိုးတက်ရရှိလျှက်ရှိကြောင်း သိရှိရသည်။
မောဟေမာန်(ပြန်/ဆက်)