လယ်ဝေးမြို့နယ်အတွင်းရှိ မဲရုံများ‌ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

လယ်ဝေး     နိုဝင်ဘာ

၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ မဲရုံများဆောင်ရွက်ထားရှိမှု အခြေအနေအား ယနေ့နံနက်(၁၀)နာရီက တာဝန်ရှိသူများ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးအောင်ကိုကိုဦးတို့က မြို့ပေါ်ရပ်ကွက်မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာ ဆန္ဒမဲပေးနိုင်စေရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက်များအား စနစ်တကျလိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအားပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကြိုတင်ဆန္ဒမဲပေးမည့်သူ စုစုပေါင်း(၃၉၀၈၀)ဦးရှိရာ ယနေ့အချိန်အထိ (၂၆၂၄၈)ဦး ကြိုတင်မဲပေးပြီးဖြစ်သည်။    လယ်ဝေးမြို့နယ်အနေဖြင့် ရပ်ကွက်()ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၀)အုပ်စုတွင် မဲရုံ ပေါင်း(၁၄၄)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၂၀၈၁၉)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)