လွိုင်လင် နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္ထရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ (၃)နာရီက တောင်ကြီး-လွိုင်လင်- နမ့်စန် ပြည်ထောင်စုလမ်းမကြီးလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဆိုင်ကယ်စီးနင်းသူများသည် ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျဆောင်းရန် ၊ ရှေးမီးဖွင့်မောင်းရန်၊ ယာဉ်မောင်လိုင်စင်ပါရှိရန် တို့ကိုလည်းကောင်း၊ မော်တော်ယာဉ်မောင်းသူများသည် ထိုင်ခုံခါးပတ် ပတ်ရန်၊ ယာဉ်မောင်းနေစဉ်အတွင်း ဖုန်း အသုံးပြုပြောဆိုခြင်း ရှိ/မရှိ စသည်တို့ကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇေယျာကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှ ရဲအုပ် အောင်ဇော်ဌေး နှင့် တပ်ဖွဲ့ဝင်များက ရှောင်တခင်စစ်ဆေးပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မိုးလွင်ဦး(လွိုင်လင်)