မေတ္တာ နိုဝင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ရက်နေ့၌ အေးချမ်းစွာဆန္ဒမဲပေးနိုင်ရေးရည်ရွယ်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေး လုံခြုံမှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အေးချမ်းစွာဆန္ဒမဲပေးနိုင်ရေး ကြိုတင်စီစဉ် ထားသောမဲရုံများ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရန်နှင့်ပတ်ဝန်းကျင်တွင် မီးဘေးမတော်တဆဖြစ်ပွားမှုရှိခဲ့ပါက အလွယ်တကူမီးငြိမ်း သတ်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
အဆိုပါစစ်ဆေး ဆောင်ရွက်ရာတွင် မေတ္တာမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးသူရထွန်းနှင့်နယ်မြေ မီးသတ်စီးစခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသူရကျော်တို့အဖွဲ့က မေတ္တာမြို့ရှိမဲရုံများတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး ရပ်ကွက်/ ကျေးရွာများမှရွေးကောက်ပွဲကော်မရှင်အသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့်မဲရုံဝန်ထမ်းများအား မီးသတ်ဆေးဘူး အသုံးပြုနည်းအဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းသရုပ်ပြခဲ့ကြောင်းသိရသည်။
မေတ္တာ(ပြန်/ဆက်)