မေတ္တာမြို့ ၊ကျောက်မဲတောင်ကျေးရွာရွေးကောက်ပွဲကော်မရှင်ရုံးသို့ကြိုတင်ဆန္ဒမဲ(၁၆၆)ဦးလာရောက်ထည့်ပြီးဖြစ်

မေတ္တာ နိုဝင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ကျောက်မဲတောင်ကျေးရွာ မဲရုံတွင် ယနေ့ နိုဝင်ဘာ ၄ ရက်နေ့အထိ ကြိုတင် ဆန္ဒမဲလာရောက်ပေးသူ (၁၆၆)ဦးရှိပြီဖြစ်ကြောင်း ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါမဲရုံတွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၁၂၄၈)ဦး ရှိသည့်အနက် အသက်(၆၀)နှစ်အထက်ပြည်သူများ (၁၄၁)ဦး နှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင်မိမိအမည်စာရင်း ပါရှိသောမဲဆန္ဒနယ်မှ ကျော်လွန်၍ နိုင်ငံတော်တာဝန်များဖြင့် ခရီးသွားလာရန်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ မဲရုံအသီးသီးတွင် တာဝန်ထမ်း ဆောင်မည့် ဝန်ထမ်းများ(၂၅)ဦးစုစုပေါင်း(၁၆၆)ဦး လာရောက်၍ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ကြိုတင် ဆန္ဒမဲပေးသူများအနေဖြင့် နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများကို ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကိုယ်တိုင် လာရောက်ပေးနိုင်ပြီး၊ ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်လာရောက်ရန်ခက်ခဲပါက ကျေးရွာကော်မရှင် အဖွဲ့ခွဲ ရုံး သို့သတင်းပေးပို့လျှင်နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်နောင်စိုး (မေတ္တာပြန်/ဆက်)