မေတ္တာ နိုဝင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊မေတ္တာမြို့ (၁)ရပ်ကွက်၊မဲရုံတွင် ယမန်နေ့အထိ ကြိုတင်ဆန္ဒမဲပေးလာရောက်ပေးသူ (၁၈၈) ဦး ရှိပြီဖြစ်ကြောင်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အဆိုပါ(၁) ရပ်ကွက်ရှိမဲရုံတွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၈၅၂)ဦး ရှိသည့်အနက် အသက်(၆၀)နှစ် အထက်ပြည်သူ များ နှင့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင်မိမိ အမည်စာရင်းပါရှိသော မဲဆန္ဒနယ်မှ ကျော်လွန်၍ နိုင်ငံတော်တာဝန်များဖြင့် ခရီးသွားလာရန်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများစုစုပေါင်း (၁၈၈)ဦး လာရောက်၍ကြိုတင်မဲဆန္ဒမဲပေးခဲ့ကြောင်းသိရသည်။
ကြိုတင် ဆန္ဒမဲပေးသူများအနေဖြင့် နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများကို ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကိုယ်တိုင် လာရောက်ပေးနိုင်ပြီး၊ ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်လာရောက်ရန်ခက်ခဲပါက ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံး သို့သတင်းပေးပို့လျှင်နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်နောင်စိုး (မေတ္တာပြန်/ဆက်)