ရေဖြူမြို့၊(က)ရပ်ကွက်တွင် ကြိုတင်မဲ (၁၈၉)ဦးလာရောက်ထည့်ပြီးဖြစ်

ရေဖြူ နိုဝင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊‌ေရဖြူမြို့ (က)ရပ်ကွက်၊မဲရုံအမှတ်(၁)၌ ယနေ့ နိုဝင်ဘာ ၄ ရက် နေ့အထိ ကြိုတင် ဆန္ဒမဲလာရောက်ပေးသူ (၁၈၉)ဦးရှိပြီဖြစ််ကြောင်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ(က) ရပ်ကွက်ရှိမဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၇၂၆)ဦး ရှိသည့်အနက် အသက်(၆၀) နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ(၉၃)ဦး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိအမည်စာရင်းပါရှိသော မဲဆန္ဒနယ်မှ ကျော်လွန်၍နိုင်ငံတော်တာဝန်များဖြင့်ခရီးသွားလာရန်ရှိသောနိုင်ငံ့ဝန်ထမ်းများ၊မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများ(၉၆)ဦး၊ စုစုပေါင်း(၁၈၉)ဦး လာရောက်ပေးပြီးဖြစ်ကာ ကြိုတင် ဆန္ဒမဲပေးသူများ အနေဖြင့်နိုဝင်ဘာ ၅ ရက်နေ့အထိကြိုတင်ဆန္ဒမဲများကို ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကိုယ်တိုင် လာရောက်ပေး နိုင်ပြီး၊ ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်လာရောက်ရန်ခက်ခဲပါက ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး သို့သတင်း ပေး ပို့ လျှင်နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဖြူဖြူရှိန် (ရေဖြူပြန်/ဆက်)