ပုလော နို၀င်ဘာ ၅
၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ပုလောမြို့ပေါ် ရပ်ကွက်များရှိ မဲရုံများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင် ဦးဆောင်သော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ဇင်ထိုက်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦးတို့က မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒပြု ရာတွင် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် မဲပေးနိုင်ရန်အတွက် မဲရုံအတွင်း/အပြင် ပြင်ဆင်ထားရှိမှု၊ လုံခြုံရေးချထားမှုနှင့် လိုအပ်ပါက ကျန်းမာရေး စောင့် ရှောက်မှုပေးနိုင်ရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးတို့အတွက် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ မဲရုံတာ၀န်ခံများနှင့် ညှိနှိုင်းဆွေးနွေး၍ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)