စစ်ကိုင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်အဖွဲ့ဝင် တိုက်နယ်တာဝန်ခံဌာနဆိုင်ရာများ နှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း

စစ်ကိုင်း နိုဝင်ဘာ ၆

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကြီး အောင်မြင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့်အဖွဲ့ဝင် တိုက်နယ် တာဝန်ခံ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ရှေ့လုပ်ငန်းများအဆင်ပြေနိုင်စေရေး ညှိနှိုင်းဆွေးနွေးပွဲ ကို ယမန်နေ့၊ နေ့ ပိုင်းက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထွန်းရွှေက အဖွဲ့ဝင် တိုက်နယ်တာဝန်ခံများအနေဖြင့် မိမိတို့တိုက်နယ်အလိုက် မဲရုံများ ကျန်းမာရေးနှင့်အညီ စနစ်တစ်ကျဖြစ်ရေး ကွင်းဆင်းကြည့်ရှူ့စစ်ဆေးသွားကြဖို့လိုကြောင်း၊ လိုအပ်မည့် စီမံ ဆောင်ရွက်မှုများရှိပါကလည်း အချိန်မီတင်ပြသွားကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေး ပြောကြားကာ မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးအောင်သန်းက မဲရုံသုံး ပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များကို တိုက်နယ်/ ကျေးရွာအလိုက် ထုတ်ပေးသွားမည့် အခြေအနေ များကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲအဖွဲ့ခွဲ အဖွဲ့ဝင် ဌာနဆိုင်ရာများက မိမိတို့ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဇော်မြင့်နိုင်