ကျောက်တံတား နိုဝင်ဘာ ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတား မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူများနှင့်ထိတွေ့ဆက်စပ်ခဲ့ သူများ နှင့်သံသယလူနာများထားရှိရာ Community Based Facility Quarantine Center (ပြည်သူ့အခြေပြု သတ်မှတ်အသွားအလာကန့်သတ်စောင့်ကြည့်ရာနေရာ)များဖြစ်သော ၃၈လမ်းပလာဇာ ၆လွှာနှင့်၇လွှာနှင့် Asia Plaza တို့ရှိမဲဆန္ဒရှင်များအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နေ့လယ်(၁)နာရီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် မှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။
ထိုသို့ ကြိုတင်မဲပေးရာတွင် မြို့နယ်အတွင်း(Quarantine)ဝင်ရောက်နေသည့် မဲဆန္ဒရှင် (၁၄) ဦးတို့က ၎င်းတို့ ၏သဘော ဆန္ဒနှင့်အညီ ကြိုတင် ဆန္ဒမဲများကိုပေးကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူးနှင့် တာဝန်ရှိ သူများ ၊ သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ Quarantine Center ကွပ်ကဲရေးရုံး တာဝန်ရှိသူများ ကသတ်မှတ်ချက်နှင့်အညီ မဲပေးနိုင်ရေး ဆောင် ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရွှေနန်းမေ