မွန်ပြည်နယ် ချောင်းဆုံတွင် မြို့နယ်အဆင့်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ချောင်းဆုံ နိုဝင်ဘာ ၆

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲလုံခြုံရေးကိစ္စများကိုအပြင်စည်းမှ တာဝန်ယူဆောင်ရွက်ကြမည့် မြို့နယ် အဆင့်လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသိုက်ထွန်းကအဖွင့်အမှာစကား ပြောကြား ရာ လာမည့် ရွေးကောက်ပွဲအတွင်းတက်ရောက်လာသည့် ကော်မတီဝင်များအနေနှင့် အပြင်စည်းမှ နေ၍ ပြဿနာတစ်စုံတစ်ရာမဖြစ်ပေါ်ရေးကြပ်မတ်ဆောင်ရွက်ရန် ၊ ဖြစ်ပေါ်လာပါက သိမ်မွေ့ ညင်သာစွာ ကိုင်တွယ်ဆောင်ရွက်ရန် နှင့် မြို့နယ်အတွင်းဇုံ (၄) ဇုံခွဲပြီးလုံခြုံရေးတာဝန်များ ချထားကြောင်း ပြောသည်။ယင်းနောက် တက်ရောက်လာသူများမှ မိမိတို့ကဏ္ဍအလိုက် ဝိုင်းဝန်း အကြံပြု ဆွေးနွေး ခဲ့ကြသည်။

ချောင်းဆုံမြို့နယ် ရပ်ကွက် ၊ကျေးရွာ (၄၆) အုပ်စုတွင် မဲဆန္ဒနယ်မြေ (၂) ခုတို့တွင် မဲရုံ (၇၅) ရုံဖွင့်လှစ်ထားပြီးနိုင်ငံရေးပါတီ (၅) ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးဝင်ရောက်ယဉ်ပြိုင် ကြမည့် ဖြစ်ကြောင်းဖွင့်လှစ်ကြောင်းနှင့် မြို့နယ်အတွင်းမဲပေးခွင့်ရှိသူဦးရေ (၁၃၂၅၅၂)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ကေအေ(ချောင်းဆုံ)