ကွန်ဟိန်းမြို့နယ်အတွင်းရှိ မဲရုံများအတွက် ဆန္ဒပြုမဲလက်မှတ်များ စနစ်တကျပေးအပ်

ကွန်ဟိန်း နိုဝင်ဘာ  ၆

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒပြုမဲလက်မှတ်များအား နိုဝင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းမှ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ပေးအပ်ရာတွင် လွှတ်တော်အလိုက်ဆန္ဒပြုမဲလက်မှတ်များ နှင့် မဲရုံသုံးပုံစံစာရွက်များအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလေးအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဗန်ကယ်မီလျာနှင့် အဖွဲ့ဝင်တို့မှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများထံသို့ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။

ကွန်ဟိန်းမြို့နယ်တွင် (ကာလိမြို့အပါအဝင်)ရပ်ကွက် (၁၁)ခု၊ ကျေးရွာအုပ်စု (၁၄)ခုရှိမဲရုံပေါင်း (၄၄)ရုံ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။

နန်းပြည့်စန္ဒီမြင့်(ပြန်/ဆက်)