ကန်ကြီးထောင့် နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများက လမ်းသွားလမ်းလာပြည်သူများ၊ ကန်ကြီးထောင့်မြို့မဈေးအတွင်းမှ ဈေးရောင်း၊ ဈေးဝယ်များ၊ ဆိုင်ကယ် Taxi ယာဉ်မောင်းများနှင့် အနှေးယာဉ်လုပ်သားများကို နှာခေါင်းစည်းများ လိုက်လံဖြန့်ဝေပေးခဲ့ပြီး အပြင်ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ လိုက်နာနေထိုင်ကြရန် အသိပညာပေး ပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)