တောင်ကြီးမြို့နယ်တွင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များကို ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက်ခွဲဝေပေးအပ်

တောင်ကြီး  နိုဝင်ဘာ  

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲဆန္ဒနယ်အလိုက် ဆန္ဒမဲလက်မှတ်များ ထုတ်ပေးခြင်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအလိုက် ခွဲဝေထုတ်ပေးခြင်းကို ယမန်နေ့ နံနက် နာရီအချိန်တွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက် မဲရုံတာဝန်ရှိသူများဝတ်ဆင်အသုံးပြုရန်အတွက် ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါကာကွယ်ရေး ဝတ်စုံ၊ခေါင်းစွပ်၊ မျက်မှန်၊ လက်အိတ်၊ ပါးစပ်နှင့်နှာခေါင်းစည်း၊ မျက်နှာအကာအကွယ်များ၊ လက်သန့်စင်ဆေးရည်များ၊ အင်ပတ်၊ ဘောပင်၊ ပေတံ၊ မဲရုံမှူးတံဆိပ်တုံး၊ မဲရုံဗီနိုင်း၊ ဆော့ပင်၊တစ်ရှူး၊ လည်ဆွဲကတ် များကို တစ်ပါတည်းထုတ်ပေးခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အဖွဲ့ဝင်များ က ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

တောင်ကြီးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၅ အုပ်စုရှိ မဲရုံပေါင်း ၂၄၅ ရုံအတွက် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်၊ ပြည်နယ်လွှတ်တော် အမှတ်()() ဆန္ဒမဲလက်မှတ်၊ ဗမာတိုင်းရင်းသားလူမျိုးလွှတ်တော် ဆန္ဒမဲလက်မှတ်၊ လီဆူး တိုင်းရင်းသား လူမျိုးလွှတ်တော် ဆန္ဒမဲလက်မှတ်၊ ကချင်တိုင်းရင်းသားလူမျိုး လွှတ်တော်ဆန္ဒမဲ လက်မှတ်၊ လားဟူတိုင်းရင်းသားလူမျိုးလွှတ်တော်ဆန္ဒမဲလက်မှတ်၊ အင်းတိုင်းရင်းသားလူမျိုး လွှတ်တော် ဆန္ဒမဲလက်မှတ်၊ အာခါတိုင်းရင်းသားလူမျိုးလွှတ်တော်ဆန္ဒမဲလက်မှတ်၊ ကယန်း တိုင်းရင်းသား လူမျိုးလွှတ်တော်ဆန္ဒမဲလက်မှတ်တို့ကို အသီးသီးခွဲဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)