မိုင်းနောင်မြို့တွင် မျိုးကောင်းမျိုးသန့် ရွှေရင်အေး မိုးစပါး စံကွက်ရိတ်သိမ်း

မိုင်းနောင် နိုဝင်ဘာ  

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးထားသော ရွှေရင်အေး မျိုးကောင်းမျိုးသန့် မိုးစပါး စံကွက်ကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရိတ်သိမ်းခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဦးစိုင်းခမ်းလူပိုင် လယ်မြေတွင် စိုက်ပျိုးထားသော ရွှေရင်အေး မျိုးကောင်းမျိုးသန့် မိုးစပါးသည်တစ်ဧကလျှင် အစိုအထွက်နှုန်း (၁၀၅)တင်းထွက်ရှိပြီး အထွက်နှုန်းကောင်းသဖြင့် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် နောင်လာမည့်နှစ်မိုးရာသီ မိုးစပါးစိုက်ပျိုးချိန်တွင် စိုက်ပျိုးလိုသည့်တောင်သူများရှိပါက မျိုးစေ့များဖြန့်ဝေ နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

အဆိုပါ စံကွက် ရိတ်သိမ်းရာနေရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိန်ငွေမိုးနှင့် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ဦး၊ မြို့လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးမှူး ဦးစိုင်းကျော်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ ရွှေရင်အေး မျိုးကောင်းမျိုးသန့် မိုးစပါး စိတ်ပါဝင်စားသူ လယ်သမားများက လာရောက်ကြည့်ရှုလေ့လာကြကြောင်း သိရှိရသည်။

မိုင်းနောင်ပြန်/ဆက်