သီပေါ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီအဖွဲ့မှ ရပ်ကွက်အတွင်းရှိ မဲရုံများပြင်ဆင်ထားမှုအခြေအနေများနှင့် ကြိုတင်ဆန္ဒမဲ ပေးနေမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးယဉ်ထွေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးစိုင်းသာလှိုင်၊ အတွင်းရေးမှူး ဦးစိုင်းမင်းလွင်နှင့် တာဝန်ရှိသူများက ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်စေရန် ရည်ရွယ်၍ သီပေါမြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေ၊ မီးအလင်းရောင်ရရှိမှု အခြေအနေ၊ မဲဆန္ဒရှင်များ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မဲရုံပြင်ဆင်ရာတွင် လိုအပ်ချက်ရှိသည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် ကြိုတင်ဆန္ဒမဲပေးနေမှုအခြေနေများကိုလည်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)