(၃၂)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မြစ်သား     နိုဝင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၇)ရက်နေ့တွင် ကျရောက် မည့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၂)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က မြစ်သားမြို၊ ရှမ်းပွဲရပ်ကွက်ရှိ လေးမျက်နှာဘုရားတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းနှင့် ဝန်ထမ်းများမှ စုပေါင်း၍ ဘုရားပုရဝုဏ်အတွင်း။အပြင်တို့တွင် မြက်ပင်များ၊ အမှိုက် များအားရှင်းလင်းပေးခြင်း၊ ဘုရားရင်ပြင်တော်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဘုရားအတွင်း ကွန်ကရစ်ထိုင်ခုံ များအားသန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆုမွန်(ပြန်/ဆက်)